Home » တံတားဦးလေဆိပ်ကို ဒရုန်းနဲ့တိုက်ခိုက်တာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ စစ်တပ်ပြော

တံတားဦးလေဆိပ်ကို ဒရုန်းနဲ့တိုက်ခိုက်တာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ စစ်တပ်ပြော

by Homeland Author

မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။

တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး အဲဒီဒရုန်းတွေကို ဟန့်တားနိုင်ခဲ့တယ်လို့လည်း စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် တိုက်လေယာဉ် ၄ စီး ထိခိုက်ပျက်စီးခဲ့ပြီး ၂ စီးက လုံးဝပေါက်ကွဲသွားတယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တချို့လည်း ယာယီရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်အတွင်း လူတွေ၊ ယာဉ်တွေနဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးတာ မရှိဘူးလို့လည်း သိရပါတယ်။

related posts

Leave a Comment