Home » KIA/PDF ထိန်းချုပ်ထားတဲ့ အင်းတော်လမ်းပိုင်းတွေကို စစ်တပ် ပြန်သိမ်း

KIA/PDF ထိန်းချုပ်ထားတဲ့ အင်းတော်လမ်းပိုင်းတွေကို စစ်တပ် ပြန်သိမ်း

by Homeland Author

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံ PDF တို့ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်အတွင်းရှိ လမ်းပိုင်းတွေနဲ့ စခန်းတွေကို မြန်မာစစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်းတော်–ဝန်းသို–ကောလင်း လမ်းကြောင်းနဲ့ အင်းတော်–မအူကုန်း–ကျောက်တန်း လမ်းကြောင်းပေါ်ရှိ KIA/PDF တို့ရဲ့ စခန်းတွေကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုအတွက် အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်တပ်က စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

related posts

Leave a Comment