Home » မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ ပါဝင်ခဲ့တဲ့ လီဆူတပ်ဖွဲ့ စစ်တပ်နဲ့ ပူးပေါင်း

မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ ပါဝင်ခဲ့တဲ့ လီဆူတပ်ဖွဲ့ စစ်တပ်နဲ့ ပူးပေါင်း

by Homeland Author

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်ဖွဲ့ (TNLA) နဲ့အတူ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ်နဲ့ သွားရောက်ပူးပေါင်းခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

သျှမ်းပြည် မိုးကုတ်နဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ကာလအတွင်း ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဟာ မိုးကုတ်မြို့ လုံခြုံရေးအတွက် TNLA နဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် လီဆူတပ်ဖွဲ့ဝင်တချို့ဟာ သူတို့ရဲ့ ဇာတိဒေသတွေကို ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ TNLA က ပြောပါတယ်။

related posts

Leave a Comment