Home » ဗန်းမောက်၊ နန့်ကျဉ်ကြိုးတံတား ကျိုးကျ

ဗန်းမောက်၊ နန့်ကျဉ်ကြိုးတံတား ကျိုးကျ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားနန့်ထွန်ကျေးရွာအုပ်စု နန့်ကျဉ်ကျေးရွာရှိ ကြိုးတံတားဟာ မနေ့က ဩဂုတ် ၄ ရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုးကျသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီနှစ်မှ ရွာက ပြန်ပြင်ထားတာ၊ အခုက ရေကြီးပြီး အရှိန်နဲ့ တိုက်လိုက်လို့ ကျိုးကျသွားပြီ” လို့ ပြောပါတယ်။

အဆိုပါ ကျိုးကျသွားတဲ့ နမ့်ကျဉ်ကြိုးတံတားကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ မှ တာဝန်ယူ၍ ပြန်လည်တည်ဆောက်ပေးသွားမယ်လို့ သိရပါတယ်။

related posts

Leave a Comment