Home » NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို SNA တက်ရောက်

NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို SNA တက်ရောက်

by Homeland Author

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို SNUC/SNA ဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်နဲ့ အတွင်းရေးမှူး စဝ်ဆေစိုင်းထူးတို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

အလားတူ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ကိုယ်စားလှယ်တွေလည်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

related posts

Leave a Comment