Home » NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ဖို့ RCSS ပြော

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ဖို့ RCSS ပြော

by Homeland Author

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပတဲ့ NCA ၁၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအခြေအနေ ပြောင်းလဲသွားပြီးနောက်ပိုင်း NCA စာချုပ် အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ရပ်တန့်သွားခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အစုအဖွဲ့လိုက် စုပေါင်းဆွေးနွေးဖော်ဆောင်တာမျိုး မရှိတော့ဘဲ တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်တဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment