Home » နိုင်ငံရေးမှ စစ်တပ်ထွက်သွားဖို့ ဆက်လက်တော်လှန်ရန် GSCN တိုက်တွန်း

နိုင်ငံရေးမှ စစ်တပ်ထွက်သွားဖို့ ဆက်လက်တော်လှန်ရန် GSCN တိုက်တွန်း

by Homeland Author

စစ်တပ်ကို မြန်မာ့နိုင်ငံရေးမှ အပြီးတိုင် ထွက်ခွာသွားစေဖို့ နိုင်ငံတကာအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ စုစည်းညီညွတ်စွာ ဆက်လက်တော်လှန်သွားကြဖို့ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN) က အောက်တိုဘာ ၁၃ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အိန္ဒိယဈေးကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး GSCN ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်ရှိ အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်မှုမှာ လူ ၅၀ ဦး သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

related posts

Leave a Comment