7
သျှမ်းပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ်အပါအဝင် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့က ကုန်သည်တွေနဲ့ ဒေသခံတွေဆီက အခွန်အခတွေကို အဆမတန်ကောက်ခံနေတယ်လို့ သိရပါတယ်။
ကုန်တင်ကားတစ်စီးကို သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီး ကျပ်သိန်း ၁၀၀ ကျော်ကနေ သိန်း ၁,၀၀၀ ကျော်အထိ ပေးဆောင်နေရတယ်လို့ သျှမ်းမြောက်ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
ဒါ့အပြင် သျှမ်းပြည်တောင်ပိုင်းကနေ သျှမ်းပြည်မြောက်ပိုင်းကို ကုန်တင်ပြေးဆွဲနေတဲ့ ကားတွေအနေနဲ့ ဖြတ်သန်းခတွေအပြင် နှစ်စဉ်ကြေးအဖြစ်လည်း ကျပ်သိန်းဆယ်ဂဏန်းအထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။