Home » ကော်သူးလေမှာ ရှမ်းလူမျိုး အမျိုးသမီးကွန်ရက် ဖွဲ့စည်း

ကော်သူးလေမှာ ရှမ်းလူမျိုး အမျိုးသမီးကွန်ရက် ဖွဲ့စည်း

by Homeland Author

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ ကော်သူးလေမှာ ရှမ်းလူမျိုး အမျိုးသမီးကွန်ရက် ဖွဲ့စည်းလိုက်တယ်လို့ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှ ၁၀ ရက်အထိ ကော်သူးလေအမျိုးသမီးများကွန်ရက် (KWN) ဦးဆောင်ပြုလုပ်ခဲ့တဲ့ ရှမ်းအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ရှမ်းလူမျိုး အမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။

ကော်သူးလေအမျိုးသမီးများကွန်ရက်က ဦးဆောင်ပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွားရေးအပါအဝင် ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ ဆုံးဖြတ်ချက်ချမှတ်တဲ့ အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှု၊ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းနဲ့ ခေါင်းဆောင်မှုတို့ကို တိုးမြှင့်ဖို့၊ တိုင်းရင်းသူအမျိုးသမီးများအကြား ကွန်ရက်ချိတ်ဆက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ခိုင်မာအားကောင်းစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရှမ်းအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

related posts

Leave a Comment