11
မြန်မာစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့က အခြေခံပညာအထက်တန်းကျောင်းကို မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ ကျောင်းအပ်လက်ခံခဲ့ပြီး အောက်တိုဘာ ၁၃ ရက်မှာ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကျောင်းသား၊ ကျောင်းသူ ၆၀၀ ကျော် တက်ရောက်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အရေးပါတဲ့ ခါမ်းပတ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ပါတယ်။