စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ရှမ်းနီဒေသအသီးသီးမှာ သင်္ကြန်ပွဲတော်ရက်အပြီး နှစ်စဉ်နှစ်ဆန်း ၁ ရက်နေ့ကစ၍ ကျေးရွာအလိုက် ရှမ်းနီဒေသခံတွေဟာ အလှည့်ကျ ဘုန်းကြီးကန်တော့ပွဲ (သို့မဟုတ်) ကျောင်းတက်ပွဲကို ကျင်းပကြတဲ့ ရှမ်းနီရိုးရာဓလေ့ပဲ ဖြစ်ပါတယ်။
အခုမြင်တွေ့ရတာကတော့ နှစ်စဉ်နှစ်ဆန်း (၅) ရက်မှာ အလှည့်ကျတဲ့ ဘုန်းကြီးကန်တော့ပွဲမှာ ဟုမ္မလင်းမြို့နယ် သက္ကယ်တောင်ကျေးရွာပဲ ဖြစ်ပါတယ်။
ဘုန်းကြီးကန်တော့ပွဲ (သို့မဟုတ်) ကျောင်းတက်ပွဲကို လာရောက်ကြတဲ့ ရပ်နှီးရပ်ဝေးမှ အသိမိတ်ဆွေ သူငယ်ချင်းတွေကို ရှမ်းနီ ရိုးရာဟင်းထမင်းတွေအပြင် လက်ဖက်၊ မုန့်ဖက်ထုတ် စတဲ့ မုန့်ပဲသရေစာတွေဖြင့်လည်း ဧည့်ခံကြရပါတယ်။
နှစ်စဉ်သီတင်းကျွတ်လမှာလည်း အလားတူ ရှမ်းနီဒေသမှာ ဘုန်းကြီးကန်တော့ပွဲ (သို့မဟုတ်) ကျောင်းတက်ပွဲကို ကျင်းပလေ့ ရှိကြတယ်လို့ သိရပါတယ်။