Home » SNA ထိန်းချုပ်ဒေသမှာ ကဒူးရိုးရာပွဲတော် ကျင်းပသွားမယ်

SNA ထိန်းချုပ်ဒေသမှာ ကဒူးရိုးရာပွဲတော် ကျင်းပသွားမယ်

by Homeland Author

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ ထိန်းချုပ်ဒေသ စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော် ကျင်းပသွားမယ်လို့ သိရပါတယ်။

မနက်ဖြန် ဧပြီ ၂၂ ရက်နေ့မှာ ကျင်းပမယ့် အဲဒီပွဲတော်ကို ဗန်းမောက်မြို့နယ်၊ မံစီကြီးဒေသစိတ် ကျောက်တန်း၊ အရှေ့ကုန်း၊ သရက်ကုန်း၊ လွင်ကြီး၊ ဝေသုခီ ကျေးရွာ ၅ ရွာမှ ကဒူးတိုင်းရင်းသားတွေက စုပေါင်း ကျင်းပကြမှာပဲ ဖြစ်ပါတယ်။

ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ကို မံအင်မင်းကုန်းအုပ်စု၊ အရှေးကုန်းရွာရိုးရာကွင်းမှာ တတိယအကြိမ်မြောက် ကျင်းပသွားမှာဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားတွေလည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။

မနှစ်က ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်သို့ စစ်ကိုင်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ၎င်းတို့ ထိန်းချုပ်ဒေသတွေမှာ လူနည်းစုတွေရဲ့ ရိုးရာ၊ ဓလေ့၊ ပွဲတော်တွေကို ကန့်သတ် ပိတ်ပင်ခြင်း မရှိဘဲ လွတ်လပ်စွာ ကျင်းပခွင့် ပြုထားသလို ကူညီထောက်ပံ့မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment