Home » မိုးကောင်း၊ ကဆုန်းခရွာမှာ KIA အကောက်ခွန်ရုံး လာဖွင့်၊ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်

မိုးကောင်း၊ ကဆုန်းခရွာမှာ KIA အကောက်ခွန်ရုံး လာဖွင့်၊ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်

by Homeland Author

မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြိုနယ်၊ နမ္မတီးမြိုနယ်ထဲက ကဆုန်းခကျေးရွာမှာ ကချင်လက်နက်ကိုင်အဖွဲ (KIA) က အကောက်ခွန်ရုံး လာဖွင့်တာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို ပြောပါတယ်။

အရင်ကလည်း KIA ရဲ့ ကဆုန်းခ အခွန်ကောက်ရုံးကို လေယာဉ်နဲ့ ဗုံးတစ်ကြိမ် လာရောက်ကြဲချတာမျိုးတွေ ဖြစ်ခဲ့ဖူးတာမို့လို့ ခုလည်း တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာလို ဆိုပါတယ်။

ဒေသခံတစ်ဦးက “မိုးကောင်း၊ နမ္မတီးမြို့ကနေ သွားရတဲ့ ရေအားလျှပ်စစ်လမ်းဘက်မှာ ကဆုန်းခကျေးရွာ ရှိတယ်။ တိုက်ပွဲရှောင်ခဲ့ရတဲ့ ရွာမှာ KIA တွေ လာရောက်နေထိုင်ကြတယ်။ အဲဒီမှာ ဘဏ္ဍာရေးအဖွဲရုံးတဲ့၊ မြစ်ကြီးနားခရိုင်အတွင်း ငွေအကောက်ခွန်ရုံး လာဖွင့်တာ၊ အုပ်ချုပ်ရေးရုံးတွေကလည်း ကျေးရွာကို ကာဗာလုပ်ပြီး စခန်းထိုင်နေကြတယ်” လို့ ပြောပါတယ်။

ကဆုန်းခကျေးရွာက ဒေသခံအချို့ဟာ စစ်ဘေးတိမ်းရှောင်နေကြပြီး ရွာမှာ ကျန်ခဲ့တဲ့ ရွာသားတွေရဲ့ ကျွဲ၊ နွားတွေကို KIA အဖွဲ့တွေက ပစ်ခတ် စားသောက်နေကြတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ ကျွဲ၊ နွားတွေကိုလည်း လာမသိမ်းဘူးဆိုရင် ပစ်ခတ်သတ်ဖြတ်မယ်လို့ သတိပေးထားကြောင်း ဒေသခံတွေက ပြောပါတယ်။

“သူတို (KIA) အကောက်ခွန်အဖွဲ့တွေဟာ မြစ်ကြီးနားခရိုင် တစ်ခုလုံးကနေ ကောက်ဖို့ လာထိုင်ကြတာ၊ ဆက်ကြေးကောက်တဲ့ ဆလန်ကဘာ ဇော်တူးလို့ သိရတယ်။ မြစ်ကြီးနား လောပန်းတွေလည်း မှန်လုံကားတွေနဲ့ လာပြီး အခွန်ထည့်နေကြရတယ်” လို ဒေသခံတစ်ဦးက ပြောပါတယ်။

KIA ဟာ မြစ်ကြီးနားမြို့ထဲက လုပ်ငန်းရှင်တွေဆီ ဆက်ကြေးပေးဖို စာပိုအကြောင်းကြားတာတွေ ရှိပြီး မပေးရင် ဝင်ရောက်ဖမ်းဆီးတာတွေလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း မိုးကောင်းမြိုနယ်၊ ဆားမှော်ကျေးရွာအုပ်စု၊ ပြွန်သုံးလုံးကျေးရွာက လုပ်ငန်းရှင်တွေကို KIA က ဆက်ကြေးပေးဖို့ စာပို့အကြောင်းကြားခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

KIA ဟာ ၎င်းတို့ လှုပ်ရှားတဲ့ ဒေသတွေမှာ ဒေသခံတွေအပါအဝင် လုပ်ငန်းရှင်တွေရဲ့ ထွန်စက်၊ ရိတ်ခြွေစက်၊ ဆန်စက်၊ ဆီစက်၊ ထော်လာဂျီ အသေး/အကြီး၊ ဆီဆိုင်နဲ့ ဈေးဆိုင်ခန်းတွေကို နှစ်စဉ် ဆက်ကြေးကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment