Home » မူဆယ်မှာ KIA က အပြစ်မဲ့အရပ်သားကို သေနတ်နဲ့ပစ်ခတ်

မူဆယ်မှာ KIA က အပြစ်မဲ့အရပ်သားကို သေနတ်နဲ့ပစ်ခတ်

by Homeland Author

သျှမ်းမြောက် မူဆယ်မြို့နယ်၊ နမ့်လိုင်ကျေးရွာအနီးမှာရှိတဲ့ KIA ရဲ့ အခွန်ကောက်စခန်းက တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့ အရပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အရပ်သားတစ်ဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ် စိုင်းလင်းဆိုင်ဟာ ဒီနေ့ ဩဂုတ် ၁၈ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာ နမ့်ဇောင်းကျေးရွာကနေ မူဆယ်မြို့ဘက်ကို ကားမောင်းလာချိန် ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် စိုင်းလင်းဆိုင်ရဲ့ ပခုံးနဲ့ ရင်ဘတ်အထက်ပိုင်းမှာ ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

ပစ်ခတ်ခဲ့တဲ့ KIA တပ်ဖွဲ့ဟာ တပ်မဟာ (၆)၊ တပ်ရင်း (၉) လက်အောက်ခံဖြစ်ပြီး နမ့်လိုင်ကျေးရွာအနီး အခွန်ကောက်စခန်းမှာ အင်အား ၁၇ ဦးလောက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဒေသခံပြည်သူတွေက KIA ရဲ့ အခွန်ကောက်ဂိတ်စခန်းကို သွားရောက်ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA ဘက်က ဘယ်လိုတာဝန်ယူ၊ တာဝန်ခံပြီး တရားမျှတမှု ဖော်ဆောင်ပေးမလဲဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။

related posts

Leave a Comment