Home » ဟုမ္မလင်းမှာ စစ်မှုထမ်းကောက်ခံမှုကြောင့် ဒေသခံတွေ အခက်ကြုံ

ဟုမ္မလင်းမှာ စစ်မှုထမ်းကောက်ခံမှုကြောင့် ဒေသခံတွေ အခက်ကြုံ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်မှု အားနည်းနေချိန်မှာ ကျေးရွာအုပ်စုတွေထံမှ စစ်တပ်က စစ်မှုထမ်းအင်အား တောင်းခံမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွား အကျပ်အတည်းနဲ့ မကျေနပ်မှုတွေ ပိုမိုမြင့်တက်လျက်ရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု စုစုပေါင်း ၇၆ အုပ်စု၊ ရပ်ကွက် စုစုပေါင်း ၆ ခု ရှိတဲ့အနက် လက်ရှိမှာ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်တာဟာ ၄၉ အုပ်စုသာ ရှိသေးကြောင်း သိရပါတယ်။

အဲဒီ အခြေအနေမှာ ဟုမ္မလင်းခရိုင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ကျေးရွာအုပ်စု (၃၁) အုပ်စုထံသို့ စစ်မှုထမ်းဖို့အတွက် အုပ်စုကြီးလျှင် (၂၀) ဦး၊ အုပ်စုငယ်လျှင် (၁၀) ဦးနှုန်းဖြင့် ပေးအပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment