Home » ဟုမ္မလင်းမှာ ဥရုမြစ်ရေကြီးပြီး တံတားတစ်စင်း ကျိုးကျ

ဟုမ္မလင်းမှာ ဥရုမြစ်ရေကြီးပြီး တံတားတစ်စင်း ကျိုးကျ

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ဥရုမြစ်ရေကြီးမှုကြောင့် ဟုမ္မလင်း-နမ့်တောလမ်းမပေါ်ရှိ တံတားတစင်း ဒီနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ကျိုးကျသွားတယ်လို့ သိရပါတယ်။

အခုလို နောင်ပူအောင် နဲ့ ပင်းမခေါ်ကြားက တံတားကျိုးသွားတဲ့အတွက် လောလောဆယ် သွားရလာရတာ တော်တော်လေး အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ရေကြီးလို့ ဗျူဟာလမ်းမကြီးပေါ်က မြင့်မြတ်ပန်း ဆီဆိုင်ရှေ့ တံတား ပျက်စီးသွားတာ၊ မိန်းလမ်းမကြီးတွေလည်း ရေနစ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဟုမ္မလင်းမြို့နယ်ထဲက ဥရုမြစ်ကြောင်းတစ်လျှောက် ရေကြီးရေလျှံမှုတွေ ဆက်ဖြစ်နေတာမို့ ဒေသခံတွေ သွားလာရေး အတော်လေး ဒုက္ခရောက်နေကြရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment