Home » တချက်ပဲ ပေါက်ကွဲတာ တရွာလုံး ပျောက်သွားတယ် ဒါ ယမ်းပျော့တော့ လုံးဝ မဖြစ်နိုင်ဘူး

တချက်ပဲ ပေါက်ကွဲတာ တရွာလုံး ပျောက်သွားတယ် ဒါ ယမ်းပျော့တော့ လုံးဝ မဖြစ်နိုင်ဘူး

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တအာင်းတပ် TNLA ရဲ့ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် အခုဆိုရင် အပြစ်မဲ့ပြည်သူ ၅၅ ဦးအထိ သေဆုံးသွားခဲ့ရပြီလို့ သိရပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ရဲ့ ဇွန်လ ၁ ရက် ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေအပါအဝင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၅၅ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရသူကလည်း ၈၀ ကျော်အထိ ရှိနေတာပါ။

TNLA ဘက်ကတော့ ဒါဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးမှာ သုံးဖို့ သိမ်းထားတဲ့ ‘ယမ်းပျော့’ တွေ မတော်တဆ ပေါက်ကွဲတာလို့ ပြောပါတယ်။ ဒါပေမဲ့ ကောင်းတပ်ရွာ တစ်ရွာလုံးနီးပါး ပျက်စီးသွားရတဲ့အတွက် ဒေသခံတွေကတော့ ဒါကို လုံးဝ မယုံကြည်ကြပါဘူး။

“ဒီဟာကတော့ ယမ်းပျော့ မဖြစ်နိုင်ဘူး။ ခင်ဗျားစဉ်းစားကြည့်လေ တချက်ထဲ ကွဲတာ တရွာလုံးပျောက်သွားတယ်ဆိုတာ အနုမြူဗုံးနီးပါးဖြစ်နေတယ်။ ဘယ်လောက်ပြင်းထန်သလဲဆိုတာ၊ တချို့ဆို အစအနတောင် ရှာမတွေ့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့် မြေပြင်မှာ ၁၃ ပေလောက်အနက်ရှိတဲ့ ချိုင့်ကြီးဖြစ်သွားပြီး မီတာ ၁၀၀ ပတ်လည် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment