21



စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုးကျသွားတဲ့ တံတားနှစ်စင်းကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ မှ ပြန်လည်၍ ပြုပြင်နေတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ် နားနန့်ထွန်ကျေးရွာအုပ်စု နန့်ကျဉ်ကျေးရွာရှိ တံတားနှစ်စင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားခဲ့တာပဲ ဖြစ်ပါတယ်။


