9
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာမှာ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ တရုတ်လုပ်ငန်းရှင်တို့နဲ့ သက်ဆိုင်တဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် လူသေဆုံးမှုတွေရှိခဲ့သလို စာသင်ကျောင်းနဲ့ အခြားအဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိမှာတော့ ပေါက်ကွဲမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်အပြင် ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို အတိအကျ မသိရသေးသလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။