16












မိုးညှင်းခရိုင်၊ ဟိုပင်မှာ ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့ နဲ့ ကချင် စာပေယဉ်ကျေးမှုအဖွဲ့တွေ ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ကြပါတယ်။
ဟိုပင်မြို့ အားကစားကွင်းမှာ ပြုလုပ်တဲ့ ဒီပွဲကို တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းစိန်လွင်ဦးလည်း တက်ရောက်ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။











