18



ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းကို ပြန်လည်ပြင်ဆင်ဖွဲစည်းဖို့ မနေ့က မေလ ၂၆ ရက်နေ့မှာ သံဃာတော်တွေ၊ ရှမ်းစာပေဆရာ/ ဆရာမတွေ နဲ့ အမျိုးသားစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီကြမယ့် မြို့မိမြို့ဖတွေ ရှမ်းစာပေယာဉ်ကျေးမှုအသင်းသားတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပွဲမှာ ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အလုပ်အမှုဆောင်အဖွဲ့ ပြန်ဖွဲ့ခဲ့ကြကြောင်း သိရပါတယ်။
အလားတူ လာမယ့်ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဟုမ္မလင်းမြို့မှာ နိုင်ငံတော်အဆင့် ကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းမှုတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


