Home » တိုင်းခမ်းတီဘာသာနဲ့ ဝတ်ရွတ်ဆုတောင်းပွဲတွေ ကျင်းပ

တိုင်းခမ်းတီဘာသာနဲ့ ဝတ်ရွတ်ဆုတောင်းပွဲတွေ ကျင်းပ

by Homeland Author

ပူတာအိုခရိုင်၊ ခန္တီးလုံဒေသရှိ တိုင်းခမ်းတီ (ခမ်းတီရှမ်း) တို့နေထိုင်ရာ ကျေးရွာအသီးသီးမှာ ဝါတွင်းကာလအတွင်း တိုင်းခမ်းတီဘာသာနဲ့ ဝတ်ရွတ်ဆုတောင်းပွဲတွေ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက်က တိုင်းခမ်းတီ (ခမ်းတီရှမ်း) ကျေးရွာတွေဖြစ်တဲ့ မန်စေနဲ့ မန်ပန်ကျေးရွာတို့မှာ တိုင်းခမ်းတီဘာသာနဲ့ ဝတ်ရွတ်ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့သလို အဲဒီမတိုင်မီ မိန်းယက်၊ လန်းနို (၁)၊ မန်စေခွန်၊ ဖန်ခိုင်၊ လန်းတောင်၊ နောင်ခိုင်၊ ဝင်းလုံ၊ မုဒုံ (၁)၊ မန်ခွတ်၊ ခန်ကျို၊ ကောင်းမှုလုံ၊ လင်းနို (၂)၊ ဟိုဖိုင်၊ ပါးခီးဆုတောင်ပြည့်ကျောင်းနဲ့ တောင်တန်းသာသနာပြုကျောင်း စတဲ့ နေရာတွေမှာလည်း ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ လာမယ့်ရက်တွေမှာလည်း တိုင်းခမ်းတီ (ခမ်းတီရှမ်း) ကျေးရွာတွေဖြစ်တဲ့ ပူတောင်း၊ ပန်းလှိုင်၊ လုံးစွတ်နဲ့ ဟိုခိုကျေးရွာတွေမှာလည်း ဝတ်ရွတ်ဆုတောင်းပွဲတွေ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

တိုင်းခမ်းတီလူမျိုးတို့ရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတွေကို ထိန်းသိမ်းမြှင့်တင်ဖို့ ရည်ရွယ်ပြီး ဝါတွင်းသုံးလတာကာလအတွင်း တိုင်းခမ်းတီကျေးရွာအသီးသီးမှာ မူဝ်ဆွန်တွေ ဦးဆောင်ပြီး တိုင်းခမ်းတီဘာသာနဲ့ ဝတ်ရွတ်ဆုတောင်းခဲ့ကြတာ ဖြစ်ပါတယ်။

related posts

Leave a Comment