Home » UWSA က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်တပ်ထံ လွှဲပြောင်း

UWSA က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်တပ်ထံ လွှဲပြောင်း

by Homeland Author

သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က စစ်တပ်ထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ UWSA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ ဟွေအောကျေးရွာမှာ UWSA စစ်ဒေသ (၁၇၁) က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာအစိုးရဌာနတွေထံ ၂၆ ကြိမ်မြောက် လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို စက်တင်ဘာလ ၄ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာ ပုံပါကျင်မြို့ BP-(1) စခန်းနဲ့ မာစံဖော “ဝ” စခန်းကြားမှာ လုံခြုံရေးတပ်ဖွဲ့တွေက သံသယရှိတဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ဂိုဏ်း ဝင်ရောက်လာတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရပ်တန့်စစ်ဆေးဖို့ အမိန့်ပေးခဲ့ပေမယ့် သံသယရှိသူတွေက မူးယစ်ဆေးဝါးတွေကို စွန့်ပစ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ UWSA ရဲ့ မူးယစ်တိုက်ဖျက်ရေးဌာနမှူး ဦးဆွိထွမ်းက အခမ်းအနားမှာ ပြောပါတယ်။

related posts

Leave a Comment