Home » PNLA တပ်ဖွဲ့ဝင်တွေ မိသားစုနဲ့အတူ RCSS ထံ ပူးပေါင်း

PNLA တပ်ဖွဲ့ဝင်တွေ မိသားစုနဲ့အတူ RCSS ထံ ပူးပေါင်း

by Homeland Author

သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) မှ တပ်ဖွဲ့ဝင်တွေ ၎င်းတို့ရဲ့ မိသားစုတွေနဲ့အတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ Tai Freedom က ဖော်ပြပါတယ်။

ဩဂုတ် ၂၇ ရက်နေ့မှာ PNLO မှ တပ်ဖွဲ့ဝင်တွေဟာ မိသားစုဝင်များအပါအဝင် စုစုပေါင်း လူဦးရေ ၇၈ ဦးဖြင့် လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။

RCSS/SSA တာဝန်ရှိသူတွေက ဝမ်းမြောက်စွာ ကြိုဆိုလက်ခံခဲ့ကြပြီး ပူးပေါင်းလာသူ တစ်ဦးကို ၅ သိန်းကျပ်နှုန်းဖြင့် ၇၈ ဦးလုံးအတွက် ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အားပေးစကားတွေ ပြောကြားခဲ့ပြီး ၎င်းတို့ရဲ့ ဆန္ဒသဘောထားတွေကိုလည်း မေးမြန်းစုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment