စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်မှ ဒေသခံလူငယ်တွေကို မိမိတို့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း/အရှေ့နာဂအမျိုးသားကာကွယ်ရေးတပ်မတော် (ENNO/ENDA) က ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒီနေ့ ဩဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ခန္တီးမြို့နယ် မှန်ပင်ကျေးရွာ၊ ကင်းတော်ရွာ၊ စာဖျောက်ရွာ၊ ဆာဆောရွာနဲ့ တိန်းအင် စတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှ ရှမ်းနီ၊ နာဂ နဲ့ ဗမာ တိုင်းရင်းသား လူငယ် ၇၀ နီးပါးကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ENNO/ENDA ဟာ နာဂလူငယ်မောင်မယ်တွေ၊ ပညာတတ်လူငယ်တွေ၊ ၎င်းအပြင် မြန်မာနိုင်ငံ ဘယ်နေရာတွင်မဆို နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေစာ မိမိတို့အရှေ့နာဂ လွတ်မြောက်ရေးမှာ အင်တိုက်အားတိုက်ပါဝင်စေလိုတာကြောင့် အခုလို လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး၍ တပ်သားသစ် စုဆောင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ နေ့က ခန္တီးမြို့နယ် လူငယ်တွေကို မိမိတို့ ENNO/ENDA အဖွဲ့အစည်းမှ အဓမ္မတပ်သားသစ် စုဆောင်းခြင်းဖြစ်ကြောင်း Media တွေ၊ အရှေ့နာဂပြည်သူတွေ၊ အခြားတိုင်းရင်းသား ပြည်သူတွေအားလုံးကို အသိပေးဖော်ပြလိုတယ်လို့ ဆိုပါတယ်။