Home » တော်လှန်ရေးအဖွဲ့ဝင် ၃၀၀ ကျော် အလင်းဝင်ဟု စစ်တပ် ထုတ်ပြန်

တော်လှန်ရေးအဖွဲ့ဝင် ၃၀၀ ကျော် အလင်းဝင်ဟု စစ်တပ် ထုတ်ပြန်

by Homeland Author

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ တပ်ဖွဲ့ဝင် ၃၀၃ ဦးဟာ လက်နက်၊ ခဲယမ်းတွေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ စစ်တပ်က ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကို်င ဆန့်ကျင်လျက်ရှိတဲ့ အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူတွေကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် အခုလို ဝင်ရောက်လာတာလို့ ဖော်ပြထားပါတယ်။

ဒါကြောင့် KIA၊ KNU၊ AA၊ ABSDF၊ SAFနဲ့ PDF စတဲ့ အဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၂၈၀ ဦး နဲ့ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၀၃ ဦး ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာသူတွေကို ဩဂုတ် ၁ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင် ခန်းမမှာ မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှဲပြောင်းအပ်နှံတဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment