17
မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူ အပါအဝင် ဒေသခံတွေကို ဒီနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူအပါအဝင် ဒေသခံရှမ်းနီ ၄ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒေသခံတစ်ဦးက “ဒီနေ့ ၁၁ နာရီကျော်မှာ လွှတ်ခဲ့ပြီ။ ၄ ယောက်စလုံးကို ပြန်လွှတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
KIA က ဖမ်းခေါ်သွားတဲ့ နမ့်မီးလောင်ကျေးရွာသားအများအပြားကို ညောင်ပင်အချုပ်မှာ ဖမ်းဆီးထားပြီးနောက် ၅ ရက်အကြာ ပြန်လွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။