Home » စစ်တပ်က ဗိုလ်ချုပ်ကြီးယွက်စစ်ကို တိုက်လေယာဉ်ဖြင့် ခြိမ်းခြောက်

စစ်တပ်က ဗိုလ်ချုပ်ကြီးယွက်စစ်ကို တိုက်လေယာဉ်ဖြင့် ခြိမ်းခြောက်

by Homeland Author

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ အဖွဲ့ကို စစ်တပ်က တိုက်လေယာဉ်တစင်းနဲ့ အနီးကပ်ပျံသန်း ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ RCSS ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။

၂၀၂၆ ခုနှစ် မေလ ၂၇ ရက် မနက် ၁၀ နာရီအချိန်မှာ ဒေသခံပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာမှာ ရောက်ရှိနေချိန် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဟာ မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာတွင် စေတီထီးတော်တင် ပွဲပြုလုပ်အပြီး ထိန်းချုပ်နယ်မြေဒေသတွေအတွင်းရှိ ဒေသခံပြည်သူလူထုတွေ နဲ့ တွေ့ဆုံဖို့အတွက် ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ မေလ ၂၆ ရက်နေ့က ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

မေလ ၂၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နမ့်စန်လေတပ်ကလို့ ယူဆရတဲ့ စစ်တပ်တိုက်လေယာဉ်တစင်းဟာ အဲဒီ ဝမ့်နန်းရွာအနီးသို့ ခြောက်ကြိမ်တိုင်တိုင် အနီးကပ်ပျံသန်းမှု ပြုလုပ်သွားခဲ့တာလို့ ဆိုပါတယ်။

အစပိုင်းမှာ ဝမ့်နန်းကျေးရွာအထက်ဝေဟင်မှ ခပ်လှမ်းလှမ်းလှည့်ပတ်ပျံသန်းသော်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းအနီးကပ်ချဉ်းကပ်ပျံသန်းကာ ခြိမ်းခြောက်မှုလက္ခဏာတွေကို ပြသသွားခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment