ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းက မော်တော်ရေယာဉ်တွေ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကုန်သည်၊ စက်လှေပိုင်ရှင်တွေနဲ့ စက်လှေလုပ်သား အပေါင်းတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ထပ်တူ ဝမ်းနည်းကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ထုတ်ပြန်ခဲ့ပါတယ်။ နွေရာသီကာလအတွင်း နေရောင်ခြူပြင်းမှုဖြင့် ချင်းတွင်းမြစ်နဲ့ ဥရုမြစ်အတွင်း ကူးသန်းသွားလာလျက် သော်လည်းကောင်း၊ မြစ်ကမ်းတွေမှာ ဆိုက်ကပ်ထားလျက်သော်လည်းကောင်း၊ …