21





ထိုင်းဝန်ကြီးချုပ် အနူထင်ရဲ့ ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ ဒီနေ့ (ဩဂုတ် ၆ ရက်) မှာ ထိုင်းနိုင်ငံကို နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာပါတယ်။
ထိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ တရားဝင် ကြိုဆိုပွဲ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) နဲ့ သဘောတူညီချက် စုစုပေါင်း ၄ ခုကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။
အဆိုပါ သဘောတူညီချက်တွေထဲမှာ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ လုပ်သားခန့်ထားရေး၊ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဖြတ်ကျော်မြစ်များ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ ပါဝင်တယ်လို့ သိရပါတယ်။




