Home » ဖားကန့်မှာ စက်သုံးဆီဈေးမြင့်တက်လို့ ဒေသခံတွေ အခက်တွေ့နေ

ဖားကန့်မှာ စက်သုံးဆီဈေးမြင့်တက်လို့ ဒေသခံတွေ အခက်တွေ့နေ

by Homeland Author

ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။

“လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး ဈေးကြီးတယ်လေ။ ရိုးရိုးဒီဇယ်တောင် ၂၆ သိန်း၊ ၂၇ သိန်းဖြစ်နေတယ်။ ပရီမီယံဆို ၂၈ သိန်းခွဲရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကာမိုင်း–ဖားကန့်လမ်းပိုင်းမှာ ဖြတ်သန်းသွားလာရတဲ့ ဂိတ်အဆင့်ဆင့်ကို ငွေပေးဆောင်ရတာကြောင့် စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာတာဖြစ်တယ်လို့လည်း အဆိုပါဒေသခံက ဆက်ပြောပါတယ်။

related posts

Leave a Comment