Home » ဟုမ္မလင်းဆိပ်ကမ်း မီးလောင်မှုဖြစ်စဉ် နစ်နာသူတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း SNA ပြော

ဟုမ္မလင်းဆိပ်ကမ်း မီးလောင်မှုဖြစ်စဉ် နစ်နာသူတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း SNA ပြော

by Homeland Author

ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းက မော်တော်ရေယာဉ်တွေ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကုန်သည်၊ စက်လှေပိုင်ရှင်တွေနဲ့ စက်လှေလုပ်သား အပေါင်းတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ထပ်တူ ဝမ်းနည်းကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ထုတ်ပြန်ခဲ့ပါတယ်။

နွေရာသီကာလအတွင်း နေရောင်ခြူပြင်းမှုဖြင့် ချင်းတွင်းမြစ်နဲ့ ဥရုမြစ်အတွင်း ကူးသန်းသွားလာလျက် သော်လည်းကောင်း၊ မြစ်ကမ်းတွေမှာ ဆိုက်ကပ်ထားလျက်သော်လည်းကောင်း၊ စစ်လှေတွေပေါ်မှာ ထမင်းဟင်း ချက်ပြုတ်စားသောက်ခြင်း၊ စစ်လှေ စက်သုံးဆီဖြည့်ချိန် ဆေးလိပ်သောက်ခြင်း အပူရှိန်ကြောင့် ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းတွေ စသည်တို့ကို ပေါ့ဆစွာ ကိုင်တွယ်အသုံးပြုခြင်း၊ ထားသိုခြင်းတို့ကို မပြုလုပ်ကြဖို့ကိုလည်း SNA က တိုက်တွန်းထားပါတယ်။

ထို့အတူ စစ်လှေမော်တော်တွေပေါ်မှာ မီးသတ်ဆေးနဲ့ မီးသတ်စက်ခန်းမှာ မီးသတ်ဆေးဗူးတွေ ထားရှိကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ် စစ်လှေများ၏ မီးလောင်မှုဖြစ်စဉ်မှာ ကုန်ပစ္စည်းတွေ၊ စစ်လှေပိုင်ရှင်တွေ နဲ့ စစ်လှေလုပ်သားအပေါင်းတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် မိမိတို့ SNA မှ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်းနဲ့ လိုအပ်သလို ကူညီဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒီ မီးလောင်မှုဖြစ်စဉ်အတွင်း ကား (၂) စီး နဲ့ မော်တော်ရေယာဉ် ၁၀ စီးကျော်ထက်မနည်း မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment