ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ကို ဒီကနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့မှာ ကျင်းပနေတယ်လို့ သိရပါတယ်။ အဲဒီ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ကို မံအင်မင်းကုန်းအုပ်စု၊ အရှေးကုန်းရွာရိုးရာကွင်းမှာ တတိယအကြိမ်မြောက် ကျင်းပပြုလုပ်နေတာဖြစ်ပြီး မံစီကြီးဒေသစိတ် ကျောက်တန်း၊ အရှေ့ကုန်း၊ သရက်ကုန်း၊ လွင်ကြီး၊ ဝေသုခီ ကျေးရွာ ၅ ရွာမှ ကဒူးတိုင်းရင်းသားတွေ စုပေါင်း ကျင်းပကြတာပဲ …