Home » ဟုမ္မလင်းဆိပ်ကမ်း မီးလောင်မှု လူ ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ဟုမ္မလင်းဆိပ်ကမ်း မီးလောင်မှု လူ ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှာ မော်တော်ရေယာဉ်တွေ မီးလောင်မှု ဖြစ်ပွားရာမှာ အခုည ၈ နာရီအထိ လူ ၁ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရှိကာ ၎င်းတို့ကို ဟုမ္မလင်း ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်မှာ စတင်၍ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကား (၂) စီး နဲ့ ဆီမော်တော် ၁၀ စီးကျော် မီးလောင်မှုတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ ဆက်လက်လောင်နေဆဲဖြစ်ကြောင်း၊ မီးလောင်သွားတဲ့ မော်တော်ရေယာဉ်အရေအတွက် အတိအကျကို မသိရှိရသေးဘူးလို့ ပြောပါတယ်။ အသေးစိတ် အခြေအနေကို သိရှိနိုင်ဖို့ ဆက်လက်စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ ခိုပဲဝဆိပ်ကမ်းမှာ မော်တော်ယာဉ်သုံးစီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

related posts

Leave a Comment