Home » ဟုမ္မလင်းဆိပ်ကမ်း မီးလောင်မှု ကားနှစ်စီး၊ မော်တော် ၁၀ စီးကျော် မီးလောင်

ဟုမ္မလင်းဆိပ်ကမ်း မီးလောင်မှု ကားနှစ်စီး၊ မော်တော် ၁၀ စီးကျော် မီးလောင်

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှာ မီးလောင်မှုမှာ ကားနှစ်စီး နဲ့ ဆီမော်တော် ၁၀ စီးကျော် မီးလောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက “ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ် ဆိပ်ကမ်းမှာ မီးလောက်မှုဖြစ်ပွားပြီး ကား 2 စီးနဲ့ မော်တော်ယဉ် ၁၅ စီး မှ အစီး ၂၀ အတွင်းရှိနိုင်တယ်” လို့ ပြောပါတယ်။

ဒီနေ့ ညနေ ၆ နာရီကျော်မှာ စတင်ပြီး မီးလောင်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ အကြီးအကျယ် လောင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ ခိုပဲဝဆိပ်ကမ်းမှာ မော်တော်ယာဉ်သုံးစီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

related posts

Leave a Comment