Home » ဇူလိုင်လအတွင်း ရန်သူ့စခန်း ၁၀ ခု သိမ်းပိုက်ရရှိဟု NUG ထုတ်ပြန်

ဇူလိုင်လအတွင်း ရန်သူ့စခန်း ၁၀ ခု သိမ်းပိုက်ရရှိဟု NUG ထုတ်ပြန်

by Homeland Author

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ရန်သူ့တပ်စခန်း ၁၀ ခု သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဩဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဇူလိုင်လအတွင်းမှာ PDF တွေဟာ စစ်တပ်ရဲ့ စခန်းတွေကို ၁၆ ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်းနဲ့ ၁၀ ကြိမ် သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဇူလိုင်လအတွင်း စစ်တပ်ဘက်က ၃၁၅ ဦး သေဆုံးပြီး ၄၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အလားတူ ရန်သူ့အရာရှိများ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ၂၉ ဦးအထိ ရှိခဲ့တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment