Home » ကချင်နဲ့ စစ်ကိုင်းမှာ စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဟု KIA ပြော

ကချင်နဲ့ စစ်ကိုင်းမှာ စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဟု KIA ပြော

by Homeland Author

ကချင်ပြည်နယ်အတွင်းက ရွှေကူ၊ မိုးမိတ် – မဘိမ်းလမ်းတစ်လျှောက်မှာ စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အလားတူ ကချင် နဲ့ စစ်ကိုင်းအစပ်က အင်းတော်၊ မော်လူးတို့မှာလည်း စစ်တပ် နဲ့ KIA ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး နော်ဘူက “စစ်ကိုင်း နဲ့ ကချင်အစပ်မှာလည်း တိုက်ပွဲတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာကတော့ KIA နဲ့သာ ဖြစ်တာ မဟုတ်ဘူး။ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနဲ့ ပူးပေါင်းပြီးမှ ဖြစ်တဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ ပြောလိုတာကတော့ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ နယ်မြေဒေသကတော့ မဟုတ်ဘူးလို့ ကျနော်ပြောလိုတာ အစပ်ကတော့ ဟုတ်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ KIA ပူးပေါင်းတပ်တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို ဧပြီလ ၃၀ ရက်မှာ ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို မေလ ၅ ရက်မှာလည်း မော်လူးမြို့တို့ကို ဆက်လက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

related posts

Leave a Comment