Home » မိမိတို့ ဒေသမှာ ဘိန်းပင်တစ်ပင်မှ မရှိတော့ဟု TNLA ပြော

မိမိတို့ ဒေသမှာ ဘိန်းပင်တစ်ပင်မှ မရှိတော့ဟု TNLA ပြော

by Homeland Author

မိမိတို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထိန်းချုပ်ဒေသတွေမှာ ဘိန်းပင်တစ်ပင်မှ မရှိတော့ဘူးလို့ TNLA မှ ဒုတိယဥက္ကဋ္ဌ – ၁ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ပြောပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပချိန် အဖွင့်အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

“ကျနော်တို့လည်း ဒီမူးယစ်ဆေးဝါး လုံးဝပျောက်သွားတဲ့အထိ မဟုတ်သည့်တိုင်အောင် ကျနော်တို့အပေါ် အလွန်ကြီးမားတြ့ အန္တရာယ်တွေ မကျရောက်နိုင်တော့ဘူး။ ဒါကိုလည်း ကျနော်အနေနဲ့ ဒီအခမ်းအနားထဲမှာ ကျနော်တောင်းဆိုချင်ပါတယ်။ နောက်တစ်ဆက်တည်း ခုကျနော်တို့ဒေသမှာ ဘိန်းပင်တစ်ပင်မှ မရှိတော့ဘူး။ ကျနော်တို့ PSLF/TNLA အုပ်ချုပ်တဲ့ နယ်မြေမှန်သမျှပေါ့” လို့ ပြောပါတယ်။

လက်ရှိ မိမိအနေဖြင့် စိုးရိမ်ရတဲ့အပိုင်းမှာ ရှိနေပြီး သျှမ်းပြည်တောင်ပိုင်း ပအိုဝ့်ဒေသတို့မှာ ဘိန်းခင်းတွေ အရင်ကထက် ပိုများလာကြောင်း၊ သျှမ်းမြောက် လားရှိုးနယ်တစ်ဝိုက်မှာလည်း လက်နက်ကိုင်ပေါင်းစုံတွေ ဝင်လာတဲ့အတွက် ဘိန်းတွေကို ပြန်စိုက်မှာပဲလို့ ယူဆကြောင်း ပြောပါတယ်။

related posts

Leave a Comment