22



ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) ရဲ့ ဗဟိုစစ်ဌာနချုပ် မိန်းဆိုင်တိုင်းနိုင်းမှာ အရာရှိလုံခြုံရေးနဲ့ အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတစ်ခုကို မနေ့က (သြဂုတ်လ ၄ ရက်) က ကျင်းပခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီ သင်တန်းဆင်းပွဲ အခမ်းအနားကို SNA ကာကွယ်ရေး စစ်ဦးစီးချုပ် ဆေစိုင်းကမ်နဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆေဝမ်းဖှတို့ တက်ရောက်ခဲ့ကြတာပါ။
အခမ်းအနားမှာတော့ တပ်မဟာအသီးသီးကနေ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားတွေဟာ သင်တန်းကာလအတွင်း လေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို လက်တွေ့ သရုပ်ပြသခဲ့ကြတယ်လို့ သိရပါတယ်။


