သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
တအာင်းပညာတတ် လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး တအာင်းတပ်ဖွဲ့ (TNLA) က အင်္ဂလိပ်စာဒီပလိုမာသင်တန်းကို ဖွင့်လှစ်လိုက်ပါတယ်။ တအာင်းလူမျိုးတွေဟာ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် နဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကို အလူးအလဲ ခံစားခဲ့ကြရပြီး မြန်မာပြည်ရှိ အခြားတိုင်းရင်းသားလူမျိုးစုတွေက ပညာရေး၊ စီးပွားရေး နဲ့ နည်းပညာကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်နေချိန် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖိနှိပ်မှုကြောင့် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ …