ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
သျှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ ဒီနေ့ (မေလ ၃၁ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်က ယမ်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့ရပါတယ်။ အဆိုပါ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တအာင်းတပ် (TNLA) ဘက်က သတင်းထုတ်ပြန်မှုမှာတော့ ပေါက်ကွဲသွားတဲ့ ယမ်းတွေဟာ သူတို့ရဲ့ …