သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
တတိယအကြိမ် အမျိုးသားလွှတ်တော်ရဲ့ သဘာပတိအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် ၅ ဒေါ်ဒွဲဘူ ကို သဘာပတိအဖြစ် တင်မြှောက်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်သဘာပတိအဖြစ် ဒေါ်ဒွဲဘူရဲ့ အမည်စာရင်း တစောင်သာ တင်သွင်းခဲ့တာကြောင့် အခုလို သဘာပတိအဖြစ် တင်မြှောက်ခံရခြင်းဖြစ်ကြောင်း၊ သဘာပတိအဖြစ် တင်မြှောက်ခံရတာကြောင့် ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ ကချင်အမျိုးသမီးတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေဒေါ်ဒွဲဘူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ …