သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိတဲ့ မောင်းခမ်းစံပြကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် “ခမ်းရွှေစင်စာကြည့်တိုက်” အဆောက်အအုံ ပျက်စီးသွားသလို၊ ရွာထဲက ဒေသခံတွေရဲ့ နေအိမ်အချို့လည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လေပြင်းတိုက်တဲ့အချိန်မှာ မိုးသည်းသည်းထန်ထန် ရွာတာတင်မကဘဲ မိုးသီးတွေပါ ကြွေကျခဲ့တာကြောင့် ခမ်းရွှေစင်စာကြည့်တိုက်ရဲ့ အမိုးသွပ်တွေ လွင့်စင်သွားပြီး အနောက်ဘက်အခြမ်းတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့တာပါ။ …