ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ ရှမ်းနီစာပေ နဲ့ ယဉ်ကျေးမှုကော်မတီကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ဒီနေ့ မေလ ၂၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးပွဲကို မံအင်မင်းကုန်းအုပ်စု မင်းကုန်းကျေးရွာမှာ ကျင်းပခဲ့ပြီး မြို့နယ်ရှမ်းနီစာပေ နဲ့ ရိုးရာယဉ်ကျေးမှုကော်မတီ မြို့နယ်အဆင့်ဖွဲ့စည်းရေးအတွက် အကြိုဆွေးနွေးခဲ့ကြပါတယ်။ ကိုဗစ် နဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် မြို့နယ်အဆင့် ဗန်းမောက်ရှမ်းနီစာယဉ်ရဲ့ လုပ်ငန်းစဉ်တွေကို …