သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ လုံးတုံမှာ စစ်တပ် နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ရှော့တိုက်ဒုံး ပစ်ခတ်မှုတွေ၊ လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်မှုအသံတွေ ကြားနေရတယ်လို့ ပြောပါတယ်။ “ညတိုင်းပါ့ အသံတွေ ကြားနေရတာ၊ မမုံကိုင် နဲ့ လုံးတုံကြား လွှဲတောင်အနောက်ဘက်မှာ ပစ်နေကြတာ၊ ရှော့တိုက်ဒုံးတွေ နဲ့ …