စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ မြန်မာနိုင်ငံတလွှား လက်နက်ကိုင် ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ခံစားရသူ ၁၂၀,၀၀၀ ကျော်ဆီ ရောက်ရှိခဲ့ပြီး အရေးပေါ်နဲ့ ရေရှည် လူသားချင်းစာနာမှု အကူအညီတွေ ပေးခဲ့တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ICRC ဟာ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူတွေနဲ့ ထိခိုက်ခံရတဲ့ …