စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် အတင်းအဓမ္မလူသစ်စုခြင်း၊ ကျေးရွာတွေမှဆင်းခေါ်၍ စစ်သားစုဆောင်းခြင်းတွေကို ရပ်တန့်ပေးဖို့ မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ KIA ဟာ ကချင်ပြည်နယ် အဓိကမြို့တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက (က) သုံးလုံး နယ်မြေဖြစ်တဲ့ ကသာ ၊ ကောလင်း၊ ကန့်ဘလူနဲ့ ထိစပ်နေတဲ့ အင်းတော်၊ ဗန်းမောက်နယ်မြေတွေအပြင် မြန်မာပြည် မြောက်ပိုင်းနယ်မြေ …