မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ဟာ ဒီနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ မလေးရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ထွက်ခွာသွားပြီလို့ သိရပါတယ်။ ဒီခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ …
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းနီလူမျိုးတွေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ပင်းကြိုင်းကျေးရွာသားတွေ ပြန်လွတ်လာပြီဆိုသည်မှာ မှန်ကန်ကြောင်း နဲ့ အသေးစိတ်အခြေအနေကို မသိရှိသေးဘူးလို့ မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။ “၂၅ ရက်နေ့က ပြန်လွတ်လာပါတယ်။ ဆားမှော်အရှေ့လမ်းကနေ ပြန်လာကြတာပါ။ ညှိနှိုင်းမှု ရှိမရှိတော့ …