မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ဟာ ဒီနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ မလေးရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ထွက်ခွာသွားပြီလို့ သိရပါတယ်။ ဒီခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ …
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ မြန်မာစစ်ကောင်စီ နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ ဆွေးနွေးမှုမှာ စစ်ကောင်စီဖက်က အပေါ်စီးကနေ ဆွေးနွေးနိုင်တယ်လို့ TNLA ဒုတိယစစ်ဦးစီချုပ် တာဘုန်းကျော်က ပြောပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ သဘောတူညီချက် ရရှိပြီးဖြစ်တဲ့အတွက် အပေါ်စီးကနေ ဆွေးနွေးနိုင်သလို အောက်ခြေမှာလည်း ထိုးစစ်တွေ ပိုတိုးလာတယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ တာဘုန်းကျော်က …