မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ဟာ ဒီနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ မလေးရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ထွက်ခွာသွားပြီလို့ သိရပါတယ်။ ဒီခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ နမ့်တောမြို့မှာ ဒီကနေ့ မတ်လ ၅ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်ခန့်က ငလျင်လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တစ်မိနစ်လောက်တော့ ကြာတယ်၊ အရမ်းကြီးတော့ မပြင်းထန်ဘူး။ ပျက်စီးမှုအခြေအနေတော့ မသိရသေးဘူး၊ ဖောင်းပြင်ဖက်လည်း ငလျင်လှုပ်ခတ်သွားတယ်လို့ သူငယ်ချင်းတစ်ယောက်လည်း ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အလားတူ …