အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့ (ဝီရဌာနေ) ကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၀ ရက်နဲ့ ၂၂ ရက်တို့မှာ ပေါက်တောမြို့နယ်အတွင်းရှိ သဝင်ချောင်း၊ ဓားကိုင်နဲ့ နန်းတက်ကျွန်းကျေးရွာတွေကို လေကြောင်းကနေ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ …
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ထဲ ပြန်ဝင်လာမယ့် စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က လုံခြုံရေး ယူပေးရတယ်လို့ Wa News Land က ဖော်ပြပါတယ်။ UWSA တပ်ဖွဲ့က ဟ်ိုယဂိတ်မှာ ပူးတွဲပြီး ရှေ့ပြေးလုံခြုံရေးယူပေးနေသလို ကိုးကန့်တပ် (MNDAA) ကလည်း လုံခြုံရေး ယူပေးနေတယ်လို့ သိရပါတယ်။ …